သတင်းများ

ရှမ်းရွာသစ်မြို့တွင် လူကြိုက်များသည့် ဒညင်းသီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ
May 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် နှစ်ရှည်ပင်သီးနှံတစ်မျိုးဖြစ်သော ဒညင်းပင်များမှ လူကြိုက်များသည့် ဒညင်းသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် သယံဇာရေးရာဝန်ကြီး မြစ်ကြီးနားမြို့တွင်း မိုးရာသီရေဝပ်တင်ကျန်မှုနှင့် ရေကြီးရေလျှံမှုများမှ ကြိုတင် ကာကွယ်နိုင်‌ရေး ပင်မရေနှုတ်မြောင်းမကြီးများနှင့် ရေနှုတ်မြောင်းငယ်များအား ကွင်းဆင်းစစ်ဆေး
May 17,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ်မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့၌ ရေဝပ် တင်ကျန်မှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြို့တွင်းဖြတ်သန်းသည့် ပင်မရေနှုတ်မြောင်းများ အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်
May 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ပူပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲအား ယနေ့‌ နေ့လည်ပိုင်း (၂)နာရီအချိန်က၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အမရပူရမြို့၌Grade-9 သင်ရိုးသစ်တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 17,2023
 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင်ယနေ့နံနက် ၈ နာရီခွဲအချိန်က Grade-9 အလယ်တန်း သင်ရိုးသစ်တိုင်းဒေသကြီး အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် အခြေခံပညာကျောင်းများသို့ သွား‌ရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် အဖွဲ့ဝင်များသည် လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ မြကျွန်းသာ ကျေးရွာ အ.လ.က(ခွဲ) ကျောင်း နှင့် ကိုးတွင်းကျေးရွာ အ.လ.က(ခွဲ) ကျောင်းဆောင်များ၏ အမိုးသွပ်များ လန်ထွက်ပြိုကျ ပျက်စီးမှုအား ပြန်လည်အစားထိုးသွပ်မိုးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က အဆိုပါကျေးရွာ များသို့ သွားရောက်ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
May 17,2023
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းက ကဗျာဆရာမ လွန်းသီ(ခန္တီး)၏ ချစ်သော စာရာမေရိနှင့် ရင်တွင်းဖြစ်ကဗျာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကျင်းပ
May 17,2023
၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်း သာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်လှစ်
May 17,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အခြေခံပညာအလယ်တန်းအဆင့်သင် Grade-9 (သင်ရိုးသစ်) ဆရာ/မများ၏ ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးမြှင့်တင်ရန် ရည်ရွယ်ချက် ဖြင့် တိုင်းဒေသကြီး အဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းကို မေ (၁၇) ရက် နံနက်ပိုင်းက အထက (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။