ဟိုပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မိုးနေကြာမျိုးစေ့ထုတ် စတင်စိုက်ပျိုး
May 17,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား နေကြာမျိုးစေ့မျိုးကောင်းမျိုးသန့်များ လိုအပ်သလိုဖြည့်တင်းပေးနိုင်ရန်၊ ဈေးနှုန်းချိုသာစွာရရှိစိုက်ပျိုးနိုင်ရန်နှင့် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက မော်ဟွေ့ကျေးရွာရှိ တောင်သူဦးစိုင်းအောင်၏ ယာမြေတစ်ဧကစံပြကွက်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် အတွက် မိုးနေကြာမျိုးစေ့ထုတ် စတင်စိုက်ပျိုးခဲ့သည်။