သတင်းများ

ဘားအံမြို့ရှောင်လမ်းနှင့်မလွတ်ကင်းသော အဆောက်အဦနှင့်ခြံစည်ရိုးများအတွက် ထောက်ပံ့ငွေ ပေးအပ်
May 17,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဘားအံမြို့ရှောင်လမ်းအတွင်း လမ်းတိုးချဲ့ တည်ဆောက်ခြင်းများဆောင်ရွက်ရာတွင် မလွတ်ကင်း၍ အဆောက်အဦနှင့်ခြံစည်းရိုးများ ဖယ်ရှား ပေးခဲ့ရသော ထိခိုက်နစ် နာသူ ၃၁ ဦးအတွက် ငွေကျပ် သိန်းတစ်ထောင့်ခုနှစ်ကျော် ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်သင်ကြားပေး
May 17,2023
အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကို မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအထိ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း ၈၀ လမ်း၊ ၃၂လမ်းနှင့် ၃၃ လမ်းကြားရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ခဲ့သင်ကြားပေးလျက်ရှိရာ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီတာအောင်နှင့်အဖွဲ့ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး
May 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် သင်တန်းတက် ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ ၁၆ ရက်တွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။
တောင်ငူခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၃၉)ဦးအား ရခိုင်ပြည်နယ်သို့ စေလွှတ်
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင် (၃၉)ဦးကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား သွားရောက်ကူညီရန်  ရခိုင်ပြည်နယ်သို့ စုဖွဲ့စေလွှတ်ခဲ့သည်။
ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်အား အကောင်းဆုံးဆုပေးပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပ
May 17,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များစာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်၊ စာဖတ်သူ၊ စာငှားသူများ အစဉ်တိုးပွားလာ စေရန်နှင့် ကလေးငယ်များ ကလေးစာဖတ်ခန်းအား ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်း ရည်ပြိုင်ပွဲများအား လစဉ်ကျင်းပပေး လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီတွင် စာဖတ်အားအကောင်းဆုံး ဂုဏ်ပြုဆုပေးပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ များ ကျင်းပပေးခဲ့သည်။
ပဲခူးမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
May 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၅)ရက်နေ့တွင် ရောက်ရှိမည့်  “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းသင့်ပြည်သူများအား စာနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်
May 17,2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည့် ယနေ့၊ နံနက် (၁၀) နာရီက ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့မဘုန်းတော်ကြီးကျောင်း၌ မုန်ခါမုန်တိုင်းသင့်ပြည်သူများနှင့် လာရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ​ လေဘေးသင့်အိမ်ထောင်စု(၅)စုအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း
May 17,2023
ရန်ကုန်တိုင်းဒေသကြီး၊   သင်္ဃန်းကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၁၄.၅.၂၀၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်လေပြင်းတိုက်ခတ်မူကြောင့် သစ်ပင်များပြိုလဲခဲ့သည့် လေဘေးသင့်ပြည်သူအိမ်ထောင်စု(၅)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သော အိမ်ထောင်စု(၁)စုလျှင် ပစ္စည်းအစုံအလင်ပါထောက်ပံ့ရေးပစ္စည်း(၅)မျိုးကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးပါအဖွဲ့တို့မှ သက်ဆိုင်ရာအိမ်ထောင်ဦးစီးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။