ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

ကျောက်မဲ မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စာအုပ်ဖြင့်  စာဖတ်ဝိုင်း ဆောင်ရွက်ရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများက ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါးကို အသီးသီး ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံး ဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း  လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)