ပုဗ္ဗသီရိ မေ ၁၇
ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ပြည်သူများအား လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဆန်ရိက္ခာဘိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်ဦးသန်းငွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးအရာရှိဒေါ်မြတ်သီတာဝင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်းနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ် ရေးမှူးများက ပုဗ္ဗသီရိမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့်လေဘေး သင့်ခဲ့သည့် မရှိခဏဘုန်းတော်ကြီးကျောင်းနှင့် ကျည်တောင်ကန်အုပ်စု၊ မြောက်ချောင်းကျေးရွာ၊ ဘဲကုန်း ကျေးရွာအုပ်စု၊ ဘဲကုန်းကျေးရွာတို့မှ လေဘေးသင့်အိမ်ထောင်စုနှစ်စုတို့အား ဆန်ရိက္ခာဘိုး ငွေနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ စုစုပေါင်း (၁၄၅၂၀၀-/)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)