မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ “မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်

မန်တုံမေ ၁၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က မူးယစ်ဆေးစွဲလက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအား ဦးစွာပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က  မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ လူမှုရေးဆိုင်ရာထိခိုင်မှုများ၊ မူးယစ်ဆေးစွဲခြင်း၏ ဆိုးကျိုးများ၊ အစရှိသည်များကို ဗဟုသုတရဖွယ် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)