ဇမ္ဗူသီရိမြို့နယ်တွင် “လူငယ်နှင့်ပညာရေး အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ မေ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက “လူငယ်နှင့်ပညာရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီကျော်နှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က လူငယ်တွေ ဘဝတိုးတက်ရန်အတွက် ပညာရေးသည် အရေးကြီးကြောင်း၊ လူငယ်တွေပညာသင်ကြားရန် မည်သည့်အတွက်ကြောင့် အရေးကြီးကြောင်း၊ ပညာတိုးပွားစေရန် လိုက်နာရမည့် အကြောင်းအရာများ၊ လူငယ်တွေ ပညာသင်ကြားကြခြင်းသည် နိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သကဲ့သို့ လူငယ်များအနေဖြင့် မိမိတိုင်းပြည်နှင့် လူမျိုးကို ထိန်းသိမ်းစောက်ရှောက်လိုပါလျှင် ပညာမြင့်မားအောင် ကြိုးစားသင်ယူရမှာဖြစ်ကြောင်း စသည့် အကြောင်းအရာများအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)