သတင်းများ

သာယာဝတီမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း(၅၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိ
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်တောသစ်ပင် စိမ်းလန်းစိုပြည်ရေးအတွက် ရာပြည့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၅၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
မက်မန်းမြို့၌ ၂၀၂၃ ခုနှစ် စိုက်ပျိုးသီးနှံ နှစ်ချင်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
May 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးကြီးများအား ဖိတ်ကြား၍ ၂၀၂၃ ခုနှစ် စိုက်ပျိုးသီးနှံနှစ်ချင်းမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်း ပျိုးထောင်ထား
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်သစ်တောဦးစီးဌာနမှ ကျွဲတဲရပ်ကွက်အတွင်းရှိ မြို့မယာယီပျိုးဥယျာဉ်အတွင်း၌ ၂၀၂၃ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်းကိုပျိုးထောင်ပေးထားလျက်ရှိသည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။ 
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Women Club ၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ ဝါသနာတူ လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် "လူငယ်နှင့်အပြောင်းအလဲ" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါဖွင့်ပွဲ အခမ်းအနားကျင်းပ
May 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
လိပ်သိုမြို့တွင် ဒေသထွက် ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
May 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသသည် တောင်ကုန်းတောင် တန်းများပေါများ၍ နေထိုင်သူဒေသခံတောင်သူများမှာ တောင်ယာ လုပ်ငန်း၊ ဥယျာဉ်ခြံ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းခဲ့ရာမှ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ကွမ်းသီးပင် စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များကို ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအတွက် အထောက်အကူ ဖြစ်လျက်ရှိကြောင်း သိရသည်။