မိုးမောက် မေ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့သည် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက်၊ အကွက် အမှတ် (၃၇)၊ ဦးပိုင်အမှတ် (၆၉/ခ)၊ ဧရိယာ (၀.၁၂၆) ဧကရှိ မြေကွက်အား ဦးမြအောင်+ဒေါ်မြကြည် အမည်ဖြင့် ဂရန် ဦးပိုင်ခွဲ အမှုတွဲတင်ပြထားရှိမှုအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကြေးနန်းရပ်ကွက်ရှိ အကွက်အမှတ် (အကွက်အမှတ်(၆၈)၊ ဦးပိုင်အမှတ်(၂)၊ ဧရိယာ (၀.၄၀၇)ဧကရှိ မြေကွက် အား ဦးတန်ဘားအမည်ဖြင့် စက်မှု/စီးပွား မြေငှားဂရန်အသစ် လျှောက်ထားသည့် အမှုတွဲအား လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေးနှင့် မှန်ကန်မှုရှိစေရေးတို့အတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းများကို နေ့လယ် ၁ နာရီထိ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)