ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုများထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ငပုတော ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှသွင်းအားစုများ ထုတ်ချေးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အုန်းပင်စုကျေးရွာအုပ်စု၊ သက္ကာယ်ချောင်းကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများထုတ်ချေးပေးနိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်  ယမန်နေ့နံနက်ပိုင်းကမြို့နယ်စီအုပ်ချုပ်ရေး အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအား မိုးစပါးတစ်ဧကလျှင်(၂)သိန်းနှင့် ညီမျှသောသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာများကိုထုတ်ပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်  ပြန်လည်ပေးသွင်းရမည့်ကာလတွင် အကြေပေးသွင်းရန်နှင့်အခြားလိုအပ်သည်များဆွေးနွေး ပြောကြားခဲ့ပြီး တောင်သူများက သိရှိလိုသူများအား မေးမြန်တင်ပြရာတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်    ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်သူ(ပြန်/ဆက်)