သတင်းများ

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါဖွင့်ပွဲ အခမ်းအနားကျင်းပ
May 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
လိပ်သိုမြို့တွင် ဒေသထွက် ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
May 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသသည် တောင်ကုန်းတောင် တန်းများပေါများ၍ နေထိုင်သူဒေသခံတောင်သူများမှာ တောင်ယာ လုပ်ငန်း၊ ဥယျာဉ်ခြံ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းခဲ့ရာမှ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ကွမ်းသီးပင် စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များကို ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအတွက် အထောက်အကူ ဖြစ်လျက်ရှိကြောင်း သိရသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “သက်ရှည်ကျန်းမာနေနိုင်ဖို့၊ စနစ်တကျသွေးပေါင်တိုင်းကာထိန်းညှိစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပ
May 18,2023
၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သွေးတိုးရောဂါနေ့ (World Hypertension Day) အထိမ်းအမှတ် “သက်ရှည်ကျန်းမာနေနိုင်ဖို့၊ စနစ်တကျသွေးပေါင်တိုင်းကာ ထိန်းညှိစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးမှ ဝန်ထမ်းများ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
May 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ ဧက ၇၂၈ စိုက်ပျိုးအောင်မြင်
May 18,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေကြောင်း နွေပဲတီစိမ်းစိုက်ပျိုးတောင်သူများထံက သိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Club အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club အဖွဲ့များပူးပေါင်း၍ စာရေးဆရာပေါက်ပေါက် ရေးသားထားသည့် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာတွင် တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲပြုလုပ်
May 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိူင်၊ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာရှိ ဇေယျာသီရိကျောင်းတိုက်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရာသီမရောက်မီ တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀း၀၀)နာရီ အချိန်ကပြုလုပ်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ငွေဆောင်မြို့စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးလှိုင်မျိုးသန့်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၇၅) ဦး တက်ရောက်ခဲ့သည်။