မိုင်းနောင် ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ခံဒေါ်နန်းမေထားနှင့် ကျန်းမာရေးဝန်ထမ်း များသည် မြို့ပေါ်ရပ်ကွက်နှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ငှက်ဖျား၊ AIDSနှင့်အခြားရောဂါများရှိ/မရှိစစ်ဆေးပေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ဆေး ၊ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက် ဂျိုက်သိုးကာကွယ်ဆေးများ၊ ပိုလီယိုရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင် (၃၆)ဦး၊ ကလေးငယ်(၅၉)ဦးတို့ လာရောက်ထိုးနှံ၍ ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)