သတင်းများ

ခရမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၈ နာရီမှစ၍ ခရမ်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
ရွှေတောင်မြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.ကရွှေတောင်ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့နှင့်တွေ့ဆုံ
May 18,2023
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း(၅၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိ
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်တောသစ်ပင် စိမ်းလန်းစိုပြည်ရေးအတွက် ရာပြည့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၅၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
မက်မန်းမြို့၌ ၂၀၂၃ ခုနှစ် စိုက်ပျိုးသီးနှံ နှစ်ချင်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
May 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးကြီးများအား ဖိတ်ကြား၍ ၂၀၂၃ ခုနှစ် စိုက်ပျိုးသီးနှံနှစ်ချင်းမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်း ပျိုးထောင်ထား
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်သစ်တောဦးစီးဌာနမှ ကျွဲတဲရပ်ကွက်အတွင်းရှိ မြို့မယာယီပျိုးဥယျာဉ်အတွင်း၌ ၂၀၂၃ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း သုံးသောင်းကိုပျိုးထောင်ပေးထားလျက်ရှိသည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့တိုက်နယ်ကျန်းမာရေးဌာနတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။ 
မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Women Club ၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ ဝါသနာတူ လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် "လူငယ်နှင့်အပြောင်းအလဲ" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။