ပုလဲမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်း၌ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှ သစ်တောသစ်ပင်များ၏တန်ဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၇ ရက်၊ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။