သတင်းများ

လိပ်သိုမြို့တွင် အသက် (၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကင်းစင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၃၀) နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်
Jun 28,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး ၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်း ပုလောမြို့  အမှတ်(၂) ရပ်ကွက်နေအိမ်များတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ထပ်ဆင့်ဂုဏ်ပြု
Jun 28,2023
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
မိုင်းခတ်မြို့၊ ဟွေဖယ်(အ.မ.က)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသောတောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက
မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပါပွန်းကျေးရွာအုပ်စု၊‌ ဟွေဖယ်ကျေးရွာ၊ ဘုရားရှိခိုးကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း တရားစီရင်ရေးဆိုင် ရာကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များအား တွေ့ဆုံပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ဥပဒေချုပ်၊ ဥပဒေအရာရှိများနှင့် တွေ့ဆုံပွဲအခမ်းအနားများ တက်ရောက်
Jun 28,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အတွင်းရှိ ကန့်ဘလူခရိုင်၊ ရေဦးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်တို့မှ ခရိုင်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တရားသူကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာမှ စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ  ၆၅၆ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၆၅၆)ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာများတွင် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  သိရသည်။
မိုင်းတုံမြို့ရှိ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲ ကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲကို ယမန်​​နေ့နံနက် (၁၁:၀၀)နာရီအချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုစုပေါင်း(၁၅၃)ဦး တက်ရောက်ကြောင်း သိရသည်။