မိုင်းတုံမြို့ရှိ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲ ကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောပွဲကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုစုပေါင်း(၁၅၃)ဦး တက်ရောက်ကြောင်း သိရသည်။