သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲများ ကျင်းပ
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၆ ရက်က မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမနှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသားကျောင်းသူများအား covid -19 ကာကွယ်ဆေး Sinophren ဆက်လက်ထိုးနှံပေး
Jun 28,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အသက်(၅)နှစ်မှ(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် ၉ နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sinopharm)ကိုသက်ဆိုင်ရာစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသထွက် မင်းကွတ်သီးများ ဈေးကောင်းရရှိ
Jun 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်သောကြောင့် ဥယျာဉ်ခြံသီးနှံ ပင်များအပြင် နှစ်ရှည်ပင် တစ်မျိုးဖြစ်သော မင်းကွတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ မင်းကွတ်သီးများ ဆွတ်ခူးရောင်းချချိန်၌ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
မိုင်းတုံမြို့၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ စတင်ခြင်းအခမ်းအနား ကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က စတင်ဆောင်ရွက်ပေးခြင်းအခမ်းအနား ကျင်းပခဲ့သည်။
သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ
Jun 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ယခုဇွန်လ နောက်ဆုံးပတ် မိုးဦးစအချိန်တွင် ကော်ဖီပျိုးပင်များကိုမိမိတို့၏ ဉယျဉ်ခြံမြေများ၌ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး စိုက်ဧက ၁၀၈၂၀၀ စိုက်ပျိုးသွားရန် သတ်မှတ်လျားထား
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါး စိုက်ဧက ၁၀၈၂၀၀ ကျော် စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါး စိုက်ပျိုးထုတ်လုပ်သည့် လယ်သမားများ တစ်ဧက အထွက်နှုန်း တိုးတက်၍ ဝင်ငွေတိုးလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လားရှိုးမြို့၊ ပန်အုပ်ပရိယတ္တိစာသင်တိုက်တွင် ပြည်တော်အေးစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့ ပန်အုပ်ပရိယတ္တိစာသင်တိုက် ပြည်တော်အေးစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက်(၉)နာရီ က ပန်အုပ်ပရိယတ္တိစာသင်တိုက် ဝတ္တကမြေအတွင်း၌ကျင်းပရာ  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ပခုက္ကူမြို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကွင်းဆင်းဟောပြောခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက် ကြသည်။