ပုလဲမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပုလဲ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်း၌ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှ သစ်တောသစ်ပင်များ၏တန်ဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၇ ရက်၊ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ စိုက်ပျိုးမည့် ပျိုးပင်များကို ပေးအပ်ခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျွန်းပင်(၁၅၀)ပင်၊ ပိတောက်ပင်(၁၅၀)ပင်၊ ယူကလစ်ပင်(၁၅၀)ပင် စုစုပေါင်းပျိုးပင်(၄၅၀)ပင်ကို သတ်မှတ်နေရာများတွင် တပျော်တပါး စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်