ဗန်းမော် ဇွန် ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီ ခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး (CPU)အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးဦးနေထွန်းအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်လာရသော အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)