ခရမ်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ခရမ်း ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ခရမ်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များ၊ မြို့မစျေးကြီးအတွင်း၊ အပြင်ရှိ ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များတွင် သက်မှတ်ထားသော ဆေးဝါးများသာရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများ မရောင်းချရန်နှင့် အများပြည်သူ သုံးစွဲရန်မသင့်သည့် Baby Cough Syrup With Antihistamine၊ Baby Cough Syrup နှင့် Cadramine-V Lotion စသည့်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိစစ်‌ဆေးခြင်းနှင့် သုံးစွဲမိခြင်းကြောင့် ဖြစ်ပေါ်လာမည့်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )