သတင်းများ

ပုဗ္ဗသီရိမြို့နယ် မိုးရာသီ မန်ကျည်းနှင့် ကျွန်း ၁၀၂ ပင် စိုက်ပျိုး
Jun 28,2023
ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီ မန်ကျည်းနှင့် ကျွန်းပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မအူပင်ခရိုင်တွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကျင်းပ
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကို ယနေ့ညနေ (၃)နာရီက ကျင်းပပြုလုပ်သည်။
မင်းဘူး(စကု)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲများ ကျင်းပ
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၆ ရက်က မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမနှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသားကျောင်းသူများအား covid -19 ကာကွယ်ဆေး Sinophren ဆက်လက်ထိုးနှံပေး
Jun 28,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အသက်(၅)နှစ်မှ(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် ၉ နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sinopharm)ကိုသက်ဆိုင်ရာစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသထွက် မင်းကွတ်သီးများ ဈေးကောင်းရရှိ
Jun 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်သောကြောင့် ဥယျာဉ်ခြံသီးနှံ ပင်များအပြင် နှစ်ရှည်ပင် တစ်မျိုးဖြစ်သော မင်းကွတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ မင်းကွတ်သီးများ ဆွတ်ခူးရောင်းချချိန်၌ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
မိုင်းတုံမြို့၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ စတင်ခြင်းအခမ်းအနား ကျင်းပ
Jun 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က စတင်ဆောင်ရွက်ပေးခြင်းအခမ်းအနား ကျင်းပခဲ့သည်။
သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ
Jun 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ယခုဇွန်လ နောက်ဆုံးပတ် မိုးဦးစအချိန်တွင် ကော်ဖီပျိုးပင်များကိုမိမိတို့၏ ဉယျဉ်ခြံမြေများ၌ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။