ပခုက္ကူမြို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇွန်၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကွင်းဆင်းဟောပြောခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက် ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံပညာကျောင်းဆရာမများ ပူးပေါင်းအဖွဲ့တို့က ပခုက္ကူမြို့၊ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများထံ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး အသိပညာပေးဟော ပြောခြင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်းနေထိုင်ကြသော မိသားစုဝင်လူနေအိမ်ထောင်စုများ၌ ထားရှိသည့် ပန်းအိုး၊ သောက်သုံးရေကန်နှင့် ရေလှောင်ကန်များအား သန့်ရှင်းမှုရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက် ခြင်း၊ ရေလှောင်ကန်များအတွင်း ရောဂါပိုးဝင်ရောက်မှုမရှိစေရေး Abate ဆေးခတ်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)