သာပေါင်းမြို့နယ်တွင် ပြည်သူများအတွက် ဥယျာဥ်ခြံထွက် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

သာပေါင်း ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယ‌မန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ပြည်သူများအတွက် ဥယျာဥ်ခြံထွက် ဟင်းသီးဟင်းရွက်များအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေးနှင့် အခြေခံစားသောက်ကုန် လုံလောက်မှုရှိစေရေး ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၏ ကြီးကြပ်မှုဖြင့် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့် အဖွဲ့ဝင်တို့က ပြည်သူများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ဥယျာဥ်ခြံထွက် ဟင်းသီးဟင်းရွက်များအား လွတ်လပ်စွာရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်