သတင်းများ

ကျောက်ဆည်မြို့၌လျှပ်စစ်မီးသုံးစွဲသူပြည်သူ (၁၄၉၇၀) ဦး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများခုတ်ထွင်
Jun 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ရပ်ကွက် (၃) ရပ်ကွက်နှင့်ကျေးရွာ (၁၈) ရွာမှ လျှပ်စစ်မီးသုံးစွဲသူပြည်သူ (၁၄၉၇၀) ဦး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ယနေ့နံနက် (၉) နာရီက မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပမှုနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရှိဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲဖိုင်နယ်ပွဲစဥ်များနှင့် ပြိုင်ပွဲဆုရရှိသူ‌များဆုပေးပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်အားကစားရုံတွင် ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့၌ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူလျက်ရှိ
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း လုပ်ငန်းကို ယနေ့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲတော် ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ၌ ကျင်းပ
Jun 30,2023
ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုး‌ပွဲ‌တော်ကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီကစိုက်ပျိုးခဲ့ကြ‌ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ တစ်သိန်း ငါးမျိုး စိုက်ထည့်ပွဲ ကျင်းပ
Jun 30,2023
အမရပူရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ ရွှေကြက်ကျဘုရားအနီး ဧရာဝတီမြစ်ဆိပ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပေါင်းစုံဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပူဇော်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ​​တောင်ပိုင်းဇုန်၏ ဓမ္မာစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဟင်္သာတခရိုင်၌ပြုလုပ်သည့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ဝါးခမောက်များ ရောင်းအားကောင်းနေ
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌  အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သော ဝါးခမောက်များ ရောင်းအားကောင်းနေပြီး ဈေးကောင်းရရှိကာ ဝါးခမောက်ပြုလုပ်ရာ၌ အဓိကအသုံးပြုရသော   ကုန်ကြမ်းပစ္စည်းတစ်ချို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။