သံတောင်ကြီး ဇွန် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေနှင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးပင်များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသ၌ မေလပထမပတ်မှစတင်ကာ ဒူးရင်းသီးများထွက်ရှိပြီး ယခုနှစ်တွင် ဒူးရင်းသီးများအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။ သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများမှာ လူကြိုက်များ၍ နှစ်စဉ်ရောင်းဝယ်မှုများ အားကောင်းလျက်ရှိကြောင်းနှင့် ဒူးရင်းသီးများကို အလုံးအရွယ်အစား အလိုက်ဈေးနှုန်းများရရှိပြီး ဒူးရင်းသီး(၁)လုံးလျှင်ကျပ် (၆၀၀၀) မှ ကျပ်(၁၂၀၀၀)အထိ ရရှိကြောင်း ဒူးရင်းသီးစိုက် တောင်သူ ဦးစောသာဝါးထံက သိရသည်။
နော်နော်မူ