သတင်းများ

မံစီမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ကိုဈေးနှုန်းချိုသာစွာရောင်းချပေး
Jul 01,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ပိုင်းက (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက် ကုန်များကို အများပြည်သူဈေးနှုန်းချိုသာစွာ စားသုံးရန်အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မိုင်းအသိ၊မိုင်းသတိ အသိပညာပေး​ဆွေးနွေးပွဲကျင်းပ
Jul 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ကျေးရွာချင်းဆက် လမ်းဘေး(ဝဲ၊ ယာ)များ၌ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး
Jul 01,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်း  သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်ဒေသတစ်ခွင် သာယာစိမ်းလန်းစိုပြည်စေရန် ရည်ရွယ်ပြီး  ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ၏ လမ်းဘေး(ဝဲ ၊ ယာ) တစ်လျှောက် အရိပ်ရ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်၌ ၂၀၂၃ ခုနှစ်  မိုးရာသီ တမာပျိုးပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 01,2023
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၏ ၂၀၂၃ ခုနှစ် မိုးရာသီတမာပျိုးပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နေ့နံနက်(၇)နာရီအချိန်ကအ မှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်းအတွင်း၌ ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်ထွက်ကြက်သွန်နီဈေးနှုန်း ၂၀၀၀ ကျပ်တွင် အတက်အကျ ဈေးနှုန်း မရှိပဲရပ်တန့်နေ
Jul 01,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ်လှောင်ကြက်သွန်နီဈေးနှုန်း ၂၀၀၀ ကျပ်ဖြစ်နေပြီး ဈေးအတက်အကျမရှိပဲ ကြက်သွန်နီဈေးတည်ငြိမ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ မုန့်ကုန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးနေမျိုး ထွန်းထံကသိရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ နေ့တွင်ကျရောက်မည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အကြို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 01,2023
၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ နေ့တွင်ကျရောက်မည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား အမှတ်(၃)၊တက်သိမ်းရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း ယနေ့နံနက် ၈ နာရီအချိန်က ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ သစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့အကြောင်းသိကောင်းစရာ (Talk Show) ဆွေးနွေးပွဲ  ပြုလုပ်
Jul 01,2023
(၂၀၂၃)ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာအမျိုး သမီးများနေ့အကြောင်းသိကောင်းစရာ (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအားထောက်ပံ့ငွေ ပေးအပ်
Jul 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအားထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။