သတင်းများ

မော်လိုက်မြို့၌  ၂၀၂၂ခုနှစ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပါပြဋ္ဌာန်းချက်များအား ရှင်းလင်း ဆွေးနွေးပွဲကျင်းပ
Jul 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ခုနှစ် လူကုန်ကူးမှုနှိမ်နင်းရေး ဥပဒေပါပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး ပန်းမြို့တော်ဖြစ်လာစေရေး (၃)နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး
Jul 01,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသောလူမှုပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ရာသီအလိုက်ပန်းအလှပင်များဖြင့် ပန်းမြို့တော်တစ်ခုဖြစ်လာစေရေး (၃)နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အိမ်မဲမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးဝါး လာရောက်ကုသပေး
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးကျောင်း အတုလမာရဇိန် အောင်ချမ်းသာတန်ဆောင်းတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆေးဝါးများလာရောက်ကုသပေးခဲ့ကြောင်းသိရသည်။
ကမာရွတ်မြို့နယ်၌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 01,2023
ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်အလွတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ တက္ကသိုလ်များဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ တိုင်းဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး၏ဇနီးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။
တောင်ငူမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နေ့လယ်(၁)နာရီအချိန်က တောင်ငူမြို့ ၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကျန်းမာရေးဆေးပေးခန်း၌ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့်အားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ​​တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်
Jul 01,2023
ရခိုင်​ပြည်နယ် ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ဒေသခံ တောင်သူများအား မျိုးစပါး ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ သင်္ဘောဆိပ်တွင်ပေးအပ်ကြသည်။
ကသာပညာရေးဒီဂရီကောလိပ်၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် “လူငယ်စကားဝိုင်း” ကျင်းပ
Jul 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်၊ လူရွယ်များ ဗလငါးတန်ပြည့်ဝစေရေး၊ အသိပညာဗဟု သုတတိုးပွားလာစေရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကသာပညာရေး ဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ  မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်
Jul 01,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ကာ လေဘေးသင့် ကျေးရွာများရှိပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။