သတင်းများ

သံတွဲမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ
Jul 04,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မြို့နယ်အမျိုးသမီးးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျ‌ရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်တွင် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရသူအားဆုချီးမြှင့်
Jul 04,2023
 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)တွင် ပြုလုပ်သည့် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရရှိသူအား ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jul 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 04,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ နယ်မြေမီးသတ်စခန်း မဂဒူးခန်းမ၌ ကျင်းပသည်။
မုံရွာမြို့၌ ပန်းအလှပြင်နည်းဆင့်ပွားသင်တန်း ဖွင့်လှစ်
Jul 04,2023
ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ ဝန်ထမ်းများအား ပန်းအလှပြင်နည်းများ တက်မြောက်ပြီး အခမ်းအနားများ သန့်ရှင်းလှပစွာ ပြင်ဆင်နိုင်ရေး၊ အမျိုးသမီး‌များသည် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သည့်‌အတွက်ကြောင့် အလှပြုပြင်တဲ့နေရာများတွင် ပန်းအလှပြင်သရုပ်ဖော်ခြင်း၊ လူများ၏ အလှအပကို ဖော်ညွှန်းခြင်းများကို စုပေါင်းလုပ်ဆောင်တတ်စေရန် ရည်ရွယ်ပြီး ပန်းအလှပြင်နည်းဆင့်ပွားသင်တန်းဖွင့်ပွဲကို
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Jul 04,2023
မွန်​ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့မှ ကျောင်သူများနှင့် သင်တန်းသူများ၊ ထူးချွန်ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး
Jul 04,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျောင်းအခြေပြု အသက်(၅)နှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
Jul 04,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။