သတင်းများ

ဓနုဖြူမြို့နယ်၌ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးပစ္စည်းများအား ပညာဒါန လှူဒါန်းပွဲ ကျင်းပ
Jul 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ပညာဒါန လှူဒါန်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့  မွန်းလွဲပိုင်းက မြတ်သုခကျော်နှင့် ဖိုက်စတား မိသားစုတို့မှ လှူဒါန်းခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် Physical Fitness Dance သင်တန်း ဖွင့်လှစ်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် Physical Fitness Dance သင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ပြုလုပ်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သမိုင်းအထင်ကရဘုရားများတွင် ရောင်းချနေသည့် ဈေးသည်များ စည်းစနစ်ကျစွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 04,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ သမိုင်းအထင်ကရဘုရားများတွင် ရောင်းချနေသည့် ဈေးသည်များ ဈေးဆိုင်ခန်းများ စည်းစနစ်ကျစွာရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီ အချိန်မှ စတင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 04,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံလေ့ကျင်ရေးသင်တန်း(၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 04,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံလေ့ကျင့်ရေးသင်တန်း(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သံဖြူဇရပ်အောင်သာယာရပ်ကွက် မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
Jul 04,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇူလိုင်လ(၂)ရက်နေ့နှင့်(၃)ရက်နေ့တို့တွင် ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်
Jul 04,2023
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် မြန်မာအမျိုးသမီးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်
Jul 04,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာ အဖွဲ့တို့ပူးပေါင်းပြီး ယမန်နေ့နေ့လယ် (၁)နာရီက မြန်မာအမျိုးသမီးနေ့ အထိမ်းအမှတ် အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။