သံတွဲမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

သံတွဲ ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မြို့နယ်အမျိုးသမီးးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃  ရက်နေ့တွင် ကျ‌ရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သင်းသင်းမာက မြန်မာအမျိုးသမီးများနေ့အကြောင်း သိကောင်းစရာများနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သံတွဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သီတာလွင်က လူကုန်ကူးမှုအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ သံတွဲမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်ဝင်းနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမင်းခန့်ကျော်တို့က အမျိုးသမီးများနှင့် ကလေးငယ်များ လူကုန်ကူးခံရမှုများ ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြစ်မှု၊ပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် သံတွဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ညိုရင်က  အမျိုးသမီးအကြမ်းဖက်မှုခံရနိုင်သည့် အခြေအနေများနှင့် တာဆီးကာကွယ်ရေး နည်းလမ်းများ၊ အကြမ်းဖက်ခံရမှုဖြစ်ပွါးပါက စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုများနှင့် စောင့်ရှောက်ပေးနေမှု အခြေအနေများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းသူလေးများအား လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)