ပေါင်မြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပေါင် ဇူလိုင် ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ နယ်မြေမီးသတ်စခန်း မဂဒူးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မုတ္တမကျေးအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က သင်တန်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုက သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ပေါင်မြို့နယ်၊ မုတ္တမနယ်မြေ မီးသတ်စခန်း၌ ဇူလိုင်လ(၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် ( ၃၅ ) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)