မွန်ပြည်နယ် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Jul 05,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်/ခရိုင်အဆင့် အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်များနဲ့ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။