ကျိုက်ထိုမြို့နယ်တွင် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရသူအားဆုချီးမြှင့်

ကျိုက်ထို ဇူလိုင် ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)တွင် ပြုလုပ်သည့် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရရှိသူအား ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ပြိုင်ပွဲပြုလုပ်သည့် ရည်ရွယ်ချက်နှင့် ဆုရွေးချယ်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ဦးစီးအရာရှိ‌ ဒေါ်သန်းသန်း‌‌မော်နှင့် မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးတို့က ပုံပြင်ပြောပြိုင်ပွဲ၌ အထူးဆု(၁)ရရှိသော ကျိုက်ထိုမြို့ မူလွန်အမှတ်(၂) ကျောင်းမှ ဆဌမတန်းကျောင်းသူ မမေရှုမငြီးအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်