သတင်းများ

တီးတိန်မြို့၌အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်
Jun 27,2023
ချင်းပြည်နယ်၊ တီးတိန်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီကအ.ထ.က(၁)စံကိုက်ကျောင်းဆောင်တွင်ပြုလုပ်သည်။
ကောလင်းမြို့တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 27,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ ယမန်နေ့ကကျရောက်ခဲ့သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အခြေခံပညာအလယ် တန်းကျောင်း (မြောက်အင်း) တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ယင်းမာပင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ
Jun 27,2023
ယင်းမာပင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ဇွန်လ ၂၆ ရက်နေ့ ၊ နံနက် ၉ နာရီအချိန် က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း​ကျောင်း၌ အသက် (၅)နှစ်အထက် ကျောင်းသား၊  ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၅)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော   ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်( ၁၀) နာရီက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကျွဲ၊ နွား များအား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ဒေါင့်သန်း ရောဂါကာကွယ်ဆေးများကို စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စုနှင့် မြို့နယ် အတွင်ရှိ ကျေးရွာများ၌ ရာသီအကူးအပြောင်းတွင် အဖြစ်များလေ့ရှိသော ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် တိရစ္ဆာန် အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
Jun 27,2023
၂၀၂၃-ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ကွင်းအမှတ်(၁၃၁၅)ကွင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူ ဦးကျော်ဝင်း၏ (၁.၂)ဧကကွက်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးနှင့် ဝန်ထမ်းများ၊  ဌာနဆိုင်တာဝန်ရှိသူများက ကွင်းဆင်းစိုက်ပျိုးကြကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်  အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော  မူးယစ်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများကောင်းမွန်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေး
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်သာယာလှပစေရန်နှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ် မူတည်၍ နှစ်စဥ် ဆောင်ရွက်ပေးနေလျက်ရှိရာ အမှတ်(၂)ရပ်ကွက်နယ်မြေ ‌ဝေဠုဝန်လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသည်။