သတင်းများ

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကျင်းပ
Jun 27,2023
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အမျိုးသမီး ကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်(၈)နာရီတွင် တိုင်းလူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြောင်းမြခရိုင် Community Centre ၌ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များသာမက အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jun 27,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟော ပြောပွဲနှင့်ဆုပေးပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ဝန်းသို)၊ မြတ်ဆရာခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
တီးတိန်မြို့၌အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်
Jun 27,2023
ချင်းပြည်နယ်၊ တီးတိန်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီကအ.ထ.က(၁)စံကိုက်ကျောင်းဆောင်တွင်ပြုလုပ်သည်။
ကောလင်းမြို့တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 27,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ ယမန်နေ့ကကျရောက်ခဲ့သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အခြေခံပညာအလယ် တန်းကျောင်း (မြောက်အင်း) တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ယင်းမာပင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ
Jun 27,2023
ယင်းမာပင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ဇွန်လ ၂၆ ရက်နေ့ ၊ နံနက် ၉ နာရီအချိန် က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း​ကျောင်း၌ အသက် (၅)နှစ်အထက် ကျောင်းသား၊  ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၅)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော   ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်( ၁၀) နာရီက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကျွဲ၊ နွား များအား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ဒေါင့်သန်း ရောဂါကာကွယ်ဆေးများကို စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စုနှင့် မြို့နယ် အတွင်ရှိ ကျေးရွာများ၌ ရာသီအကူးအပြောင်းတွင် အဖြစ်များလေ့ရှိသော ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။