ကောလင်းမြို့တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကောလင်း ဇွန် ၂၇

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ ယမန်နေ့ကကျရောက်ခဲ့သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အခြေခံပညာအလယ် တန်းကျောင်း (မြောက်အင်း) တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားပြီး ဇွန်လ(၂၆)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ပေးခဲ့သည့်အကြောင်းအရင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သောစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးအမျိုးအမည်များ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရှောင်ကျဉ်ရမည့်နည်းလမ်းများကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဟောပြော ဆွေးနွေးခဲ့သည်။

ထို့နောက် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (ထက်၊လယ်၊မူ) ဆင့် ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲ များတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာအသိပညာပေးဗီဒီယိုဖိုင်ပြသခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မင်းမင်း