တီးတိန်မြို့၌အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

တီးတိန် ဇွန် ၂၇

ချင်းပြည်နယ်၊ တီးတိန်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီကအ.ထ.က (၁) စံကိုက်ကျောင်းဆောင်တွင်ပြုလုပ်သည်။

ရှေးဦးစွာအ.ထ.က (၁) Grade-11 ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးများကို ဝေးဝေးကနေရှောင်ကြဉ်ကြပါ သီချင်းဖြင့်သီဆိုပြီး တီးတိန်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဒု-ဥက္ကဋ္ဌ (ခရိုင်ရဲတပ်ဖွဲ့မှူး) ဒုတိယရဲမှူးကိုကိုဦးက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ပြိုင်ပွဲများမှပြည်နယ်နှင့် ခရိုင်အဆင့်ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆုရရှိသူများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ဝေသောမူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်အား ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)