တမူး ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၅)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်( ၁၀) နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် တမူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်ဦး၊ ကျန်းမာရေးမှူး ဦးမျိုးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်နှင့် ဆရာ/ဆရာမများမှ ကူညီဆောင်ရွက်ပေးခဲ့ကြ၍ ကာကွယ်ဆေးမထိုးနှံမှီ ကိုယ်အပူချိန် တိုင်းတာခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။
တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/သူများအား သက်ဆိုင်ရာအုပ်စုများအလိုက် မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ