သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း သက်မွေးပညာသင်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 29,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် မွန်းတည့်(၁၂)နာရီက ဆိုက်ခေါင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
ဧရာဝတီမြစ်ဆုံဒေသအားရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာနေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jun 29,2023
မြန်မာပြည်မြောက်ဖျားပိုင်းမှ စတင်စီးဆင်းသည့် ဧရာဝတီမြစ်၏ ရှင်သန်ပေါက်ဖွားရာ မြစ်ဆုံဒေသအား ရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် အခြေခံပြီး သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်လိုက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုခါ မုန်တိုင်းဘေးဒဏ်သင့် တောင်သူများအတွက် ဖြန့်ချိမည့် စူပါနှံကောက်မျိုးစပါးများ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိ
Jun 29,2023
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လေဘေးသင့်တောင်သူများအတွက် ဖြန့်ချိမည့် စူပါနှံကောက်မျိုးစပါးများ ယမန်နေ့ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် သယ်ယူရောက်ရှိလာရာ ပုဏ္ဏားကျွန်း မြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ သက်မွေးပညာကာလတို သင်တန်းများတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအောင်မြင်သူများ တက်ရောက်နိုင်
Jun 29,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ သက်မွေးပညာကာလတိုသင်တန်းများကို ယခုလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အောင်မြင်သူများ တက်ရောက်နိုင်ကြောင်း သိရသည်။
ဘားအံမြို့ အ-ထ-က (၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 29,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင် ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဘားအံမြို့နယ်၊ အ-ထ-က(၃) အခြေခံပညာအထက်တန်း ကျောင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၉၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အုတ်တွင်းမြို့နယ်၌ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု လက်တွေ့သရုပ်ပြသ
Jun 29,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 29,2023
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌‌‌ကြောင်း သိရသည်။
ကွတ်ခိုင်မြို့၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
Jun 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာခရမ်း‌ရောင်မြက် သရုပ်ပြ စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ခိုတင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးလီစူးရန်၏ ယာမြေဧက(၁)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။