သတင်းများ

တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်အားကစားအသိပညာပေး TALK SHOW ဆောင်ရွက်
Jun 27,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “လူငယ်နှင့်အားကစား” အသိပညာပေး TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်းဆောင်ရွက်
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ စာကောင်းပေကောင်းများဖတ်ပြီး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို (Youth Club) အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ
Jun 27,2023
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗဟိုအဆင့်နှင့် တိုင်းအဆင့်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကျင်းပ
Jun 27,2023
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အမျိုးသမီး ကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်(၈)နာရီတွင် တိုင်းလူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
တကောင်းမြို့၊ အခြေခံပညာမူလတန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းလှမြိုတွင် (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန်လ(၂၁)ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 27,2023
မလှိုင်မြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူအများ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေပြီး ရှောင်ကျဉ်နိုင်စေရန်ရည်ရွယ်၍  ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  အ.ထ.က မြို့သစ်၊ အ.ထ.က မလှိုင်နှင့် ဌာနဆိုင်ရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 27,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ ဘားအံလမ်းရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။