မြစ်သား ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မူးယစ်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဘိုဘိုအောင်မှ အဖွင့်အမှာစကားပြောကြားပြီးမူးယစ်ပန်းချီပြိုင်ပွဲတွင် “မူးယစ်ဆေးရန်တို့ တွန်းလှန်ကြိုစားတိုက်ဖျက်နိုင်ငံအတွက်” ၊“မူးယစ်ကင်းစင်တို့ ပြည်တခွင်သာယာလှပ လူမှုဘဝ”၊ “မျိုးဆက်သစ်များတိုးတက်ဖို့မူယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”၊ “လူသားချင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” ခေါင်းစဥ်ဖြင့်ပြိုင်ပွဲဝင်ခဲ့ကြ သော ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် အထက်တန်းအဆင့်(၃)ဦး၊ အလယ်တန်း အဆင့်(၃)ဦး၊ မူလတန်းအဆင့် (၃)ဦး စုစုပေါင်းဆုရရှိသူ(၉)ဦးတို့အား ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပထဆု၊ဒုတိယဆု၊တတိယဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ် ဖွဲ့မှူးရဲမှူးဌေးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရှိန်းသူ၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးခိုင်စိုးသန့်နှင့် ဆရာ/ဆရာမများ၊ အမှတ်ပေးဒိုင်အဖွဲ့များ၊ ကျောင်းသားမိဘများ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)