တန့်ယန်း ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်သာယာလှပစေရန်နှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ် မူတည်၍ နှစ်စဥ် ဆောင်ရွက်ပေးနေလျက်ရှိရာ အမှတ်(၂)ရပ်ကွက်နယ်မြေ ဝေဠုဝန်လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသည်။
အဆိုပါ ဝေဠုဝန်လမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ အရှည်ပေ ၅၀၀ အား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်၍ ဆောင်ရွက်ပေးနေရာ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်း၊ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဆိုင်ဟန်ဖ နှင့် တာဝန်ရှိသူတို့က လမ်းအရည်အသွေး ကောင်းမွန်စေရန်နှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်စေရန် အတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)