စလင်း ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ဒေါင့်သန်း ရောဂါကာကွယ်ဆေးများကို စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စုနှင့် မြို့နယ် အတွင်ရှိ ကျေးရွာများ၌ ရာသီအကူးအပြောင်းတွင် အဖြစ်များလေ့ရှိသော ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်သူရနှင့် အခြေခံတိရိစ္ဆာန် ကျန်းမာရေး လုပ်သားများက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု အသီးသီးသို့ သွားရောက်၍ ကျွဲ၊ နွားများတွင် ဖြစ်တတ်လေ့ရှိသည့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ပြီး ဖောင်းလင်းကျေးရွာ အုပ်စုရှိ ဒေသခံတောင်သူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား မိမိတို့၏ ကျွဲ၊နွားများကို ကာကွယ်ဆေးများ ထိုးနှံလိုပါက. ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတဆင့် ချိတ်ဆက်ကာ စာရင်းပေးသွင်းထိုးနှံနိုင်ကြောင်းနှင့် တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ အရည်အသွေး ပြည့်မီသော တိရိစ္ဆာန်မွေးမြူထုတ်လုပ်မှု တိုးတက်စေရေးတို့ကို အသိပညာပေးဆွေးနွေး၍ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်သူရထံမှ သိရသည်။
(မောင်လွင်)စလင်း