ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 02,2023
ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ လုပ်ငန်းများအား ဝန်ထမ်းတိုင်း သိရှိနားလည်သဘောပေါက်စေရန်နှင့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိင်စေရန် ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်ကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများစုပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။