သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း
Jul 02,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
တောင်ကြီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ရေကန် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် မြေအောက်ရေ ထိန်းသိမ်းနိုင်ရန်အတွက် ဇူလိုင် (၂) ရက် နံနက် (၈) နာရီက အဆိုပါ ဂနိုင်ရေကန်ပတ်ဝန်းကျင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 02,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့က တောင်ကိုးလုံး အဆိုပြု ကာကွယ်တောတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်
Jul 02,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာ‌စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ၌ ပင်လယ်ရေပြင်ခရီး ငါးဖမ်းထွက်မည့် စက်လှေများအား စစ်ဆေးခြင်းများ ဆောင်ရွက်
Jul 02,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ ပင်လယ်ပြင်သို့ ကမ်း​ဝေးငါးဖမ်း ထွက်မည့် စက်လှေများအား စစ်ဆေးခြင်းလုပ်ငန်းကို ဇူလိုင် ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်ရှိ လှေဆိပ်တွင် ပြုလုပ်သည်။
စနစ်ကျလယ်ယာမြေတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ မြန်အောင်တွင် ကျင်းပပြုလုပ်
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမှ ၂၀၂၃-၂၀၂၄ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စု စနစ်ကျ ဧက(၁၀၀)ကွင်းရှိ ကွင်းအမှတ်(၂၄၉)တောင်သူ ဦးစိုး၊ ဦးအောင်မင်း၊ ဦးတင်ဦး၊ ဦးဇော်အောင်တို့၏ လယ်မြေ(၄) ဧကတွင်ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် အခြေခံပညာမူလတန်းအဆင့် ပုံပြောပြိုင်ပွဲ ကျင်းပ
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပုလောမြို့နယ်၌ ဆပ်ပြာဆီလုပ်နည်း သင်တန်းဖွင့်လှစ်
Jul 02,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဆပ်ပြာဆီလုပ်နည်းသင်တန်းကို ယမန်နေ့ Community  Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။