ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပ
Jul 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်းကို ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ (၁၅)ရက်သင်တန်း ဖွင့်လှစ်သင်ကြားပြီးဖြစ်ရာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။