သတင်းများ

စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Jul 02,2023
အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေး လုပ်ငန်းစဉ်များနှင့် ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများ၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများကို သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များမှ သိရှိနားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အသုံးချလာနိုင်ရေး ရည်ရွယ်၍ စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက်
Jul 02,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊  စာရေးဝန်ထမ်းများအနေဖြင့် အခြေခံစာရင်းဇယားရေးဆွဲနည်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား စာရေးဝန်ထမ်းများ အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဝင်ရောက်တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Jul 02,2023
ရခိုင်ပြည်နယ်အတွင်း အလွန်အားကောင်းခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ပေါက်တောမြို့နယ်တွင် ဒေသခံတောင်သူများ၏ မြိုးစပါးထောက်ပံ့ပေးအပ်နိုင်မှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဒေသခံတောင်သူများ၏ ရင်တွင်း စကားသံများကို ယခုကဲ့သို့ တွေ့ဆုံမေးမြန်ဖော်ပြထားပါသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားအ‌ကောင်ရေ ၆၀၀၀ အား ခွာနာ၊လျှာနာ‌ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ
Jul 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏာသိရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား  ခွာနာ၊ လျှာနာ‌ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူသူများအား ခွာနာ၊ လျှာနာ‌ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
(၁၀၁)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် သမဝါယမအ‌ခြေခံအသင်းများမှ အခြေခံစားသောက်ကုန်းများ သက်သာ‌သောဈေးနှုန်းဖြင့်ရောင်းချ
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ စစ်‌တွေလမ်းနှင့် အမှတ်(၂၀)ရပ်ကွက်၊ အ‌နော်ရထာလမ်းတို့တွင်‌ ရောင်းချပေးပြီး၊ စစ်‌တွေလမ်းရှိ ရွှေဝါထွန်းအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းဆိုင်တွင်  (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၇နာရီက ဆန်၊ဆီ၊ကြက်ဥများကို အထူးသက်သာ‌သောဈေးနှုန်းဖြင့်  ရောင်းချပေးလျက်ရှိကြောင်း  သိရသည်။           
တနင်္သာရီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွား သင်တန်းစတင်ဖွင့်လှစ်
Jul 02,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ရိုးသစ်ဖြင့် သင်ကြားသင်ယူလုပ်ငန်းများ ဆောင်ရွက်မည့် Grade-9 နှင့် Grade-12 ကျောင်းသား/သူများအတွက်၊ ထိရောက်သော သင်ယူမှုများ စဥ်ဆက်မပြတ် ရရှိစေရန်နှင့်  Grade-9 နှင့် Grade-12 တန်းပြ ဆရာ/မများ၏ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် Grade-9 နှင့်Grade-12သင် ရိုးသစ် (ဆင့်ပွား)သင်တန်းပို့ချမှုကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က တနင်္သာရီကျောင်း စာသင်ခန်း(၁၈)ခန်းခွဲ၍ လက်တွေ့သင်ကြားပေးကြောင်း သိရှိသည။
တနိုင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Jul 02,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း(၁/၂၀၂၃)ဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့တွင် မွေးကင်းစအရွယ်မှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်း လစဉ်ဆောင်ရွက်
Jul 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈နာရီအချိန်မှ နေ့လယ် ၂ နာရီအထိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တာဝန်ခံ သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံ/တိုက်ကျွေးပေးကြကြောင်း သိရှိရသည်။