မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဆုပေးပွဲအခမ်း အနားကျင်းပ

မိုင်းတုံ ဇူလိုင် ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ် အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ (၆) ရက်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အသက် (၂၅) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် MT (FC) အသင်းမှ အကောင်းဆုံးဂိုးသမားဆုရရှိသည့် မောင်စိုင်း​ကော်လှိုင်းအား ဦးကျနူးကလည်းကောင်း၊ မိုင်းကန်အသင်းမှ နောက်တန်းအကောင်းဆုံးဆုရရှိသည့် မောင်ယားဘိုအား မြို့နယ်ပညာရေးမှူး ဦကျော်ဇံဝေကလည်းကောင်း၊ Phoenix (FC) အသင်းမှ အလယ်တန်းကစားသမား အကောင်းဆုံးရရှိသည့် မောင်အံ့ဘုဏ်းခန့်အား မြို့နယ်ဥပဒေအရာရှိ ဦး​​အောင်ကျော်မိုးကလည်းကောင်း၊ မိုင်းတုံသားသင်းမှ ရှေ့တန်းကစားသမား အကောင်း ဆုံးဆုရရှိသည့် မောင်ကျဒူပါအားခရိုင်ပညာရေးမှူးဦးမြတ်မိုး ကလည်းကောင်း၊ phoenix (FC) သင်းမှ​ရွှေဖိနပ်ဆုရရှိသည့် မောင်ဆုဦးခိုင်အား မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းအောင်ခမ်း ကလည်းကောင်း၊ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံးကစားသမားဆုရရှိသည့် နား​ကောင်းမှူး အသင်းမှ မောင်အေးချမ်းအား မိုင်းဟန်အုပ်ချုပ်ရေးမှူး ဦးအိုက်ပီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Phoenix(FC)အသင်းအား ​မြို့နယ်စာရင်းစစ် ဦးစီးမှူး ဦးဇော်နိုင်ဦးကဆုတံဆိပ် များပေးအပ်​ပြီး၊ မြိုနယ် အုပ်ချုပ်ရေးမှူးဦးလွင်မိုးကငွေသားဆု (၂၀၀၀၀ဝိ) ကိုလည်းကောင်းပေးအပ်ပြီး၊ ပထမဆုရရှိသည့် နားကောင်းမှူးအသင်းအား မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းချမ်းကျော်ကဆုငွေ (၃၀၀၀၀ဝိ) နှင့် ဆုတံဆိပ်ဆွဲပြား တို့ကိုလည်းကောင်းအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မျိုးကျော်စိုး

မိုင်းတုံ (ပြန်/ဆက်)