ရွှေတောင် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့်အသားငါး၊စားအုန်းဆီ၊ဘဲဥ၊ ဟင်းသီးဟင်းရွက်များ ရောင်းချပေးရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိဦးခင်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာ တာဝန်ခံဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်ပြန် / ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ယွန်းတန်းရပ်ကွက် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဝက်သား (၁) ပိဿာ (၁၂၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၅၀)ပိဿာ၊ အမဲသား (၁) ပိဿာ (၁၂၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၂၅)ပိဿာ စားအုန်းဆီ( ၁) ပိဿာ ( ၄၈၀၀ိ/-) ကျပ်နှုန်းဖြင့်(၂၅၀) ပိဿာ၊ ဘဲဥ (၁) လုံး( ၃၀၀)ကျပ်နှုန်းဖြင့်လုံး (၂၀၀၀) လုံး၊ကန်စွန်းရွက် (၃)စီးလျှင် (၁၀၀) ကျပ်နှုန်းဖြင့် (၁၀၀)စီး၊ချည်ပေါင်ရွက် (၁) စီးလျှင် (၅၀) ကျပ်နှုန်းဖြင့် (၅၀)စီးတို့အား ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် / ဆက်)