ကေ့ာကရိတ်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ကေ့ာကရိတ် ဇူလိုင် ၈

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁း၀၀)နာရီချိန်က ဒေါနခန်းမ၌ မြို့ပေါ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊
ပထမသုံးလပတ်ဖြစ်သည့် (ဧပြီ၊ မေ၊ ဇွန် )လများအတွက် တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလစာ တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ ကို ကေ့ာကရိတ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ သက်ကြီးရွယ်အို(၁၀၂၉)ဦးအတွက် ငွေကျပ်(၃၀၈၇၀၀၀၀/-)ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထင်လင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ မြို့ပေါ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)